National ICT Award 2012

chinese japan korea englishmyanmar

 

National ICT Award

Natioanal ICT Awards 2015 (Educational Project) ဆုပေးပွဲနှင့် ပရောဂျက်များခင်းကျင်းပြသပွဲ

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းတို့ ပူပေါင်းကျင်းပသည့် National ICT Awards 2015 (Educational Project) ဆုပေးပွဲနှင့် ပရောဂျက်များခင်းကျင်းပြသပွဲကို ၂၆.၃.၂၀၁၆ (စနေနေ့) MICT Park, Conference Hall တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် အမျိုးသားအဆင့်ပြိုင်ပွဲဝင်ဆုရ ပရောဂျက်(၁၉) ခုကိုခင်းကျင်းပြသထားပါသည်။

Read more: Natioanal ICT Awards 2015 (Educational Project) ဆုပေးပွဲနှင့် ပရောဂျက်များခင်းကျင်းပြသပွဲ

National ICT Award 2015

လူကြီးမင်းများရှင့်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ကျင်းပြုလုပ်ခဲ့သည့် National ICT Award 2015 (Educational Project) အတွက်၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အပြီးသတ်စိစစ်ရွေးချယ်ခဲ့ပြီး Education Project of the Year 2015 ဆု (၄)ဆု နှင့် နှစ်သိမ့်ဆု (၁၂)ဆု ရရှိသော စာရင်းကို ကြေငြာပြီး ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ National ICT Award 2015 (Educational Project) ဆုချီးမြှင့်ပွဲ နှင့် အမျိုးသားအဆင့်ပြိုင်ပွဲဝင် နှင့် ဆုရှိသောပရောဂျက်များ ခင်းကျင်းပြသပွဲ ကို ၂၀၁၆ခုနှစ်၊ မတ်လ (၂၆) ရက် စနေနေ့ နံနက်(၉)နာရီ မှ ညနေ (၅:၀၀)နာရီထိ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရန်စီစဉ်ထား ပါသည်။

ထိုပွဲတွင် Education Project of the Year 2015 ဆု (၄)ဆု နှင့် နှစ်သိမ့်ဆု (၁၂)ဆု ရရှိသော Project များ၊ IT Business Plan Contest 2015 ဆုရရှိသော Project များနှင့် World ITU Telecom (Young Innovator Competition) အတွက်ဆုရရှိသော Project တို့ကိုခင်းကျင်းပြသထားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါဆုချီးမြှင့်ပွဲ နှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲ အခမ်းအနားကို တက်ရောက် လေ့လာနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်

invitation-03
invitation-04

National ICT Awards 2014

 

ပဏာမ ရွေးချယ်ခံရသော ပရောဂျက်များ စာရင်းကို အောက်ပါအတိုင်း ထုတ်ပြန် လိုက်ပါသည်။

Read more: National ICT Awards 2014

National ICT Award 2012

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကျင်းပပြုလုပ်သော National ICT Award 2012 အတွက် Educational Project Competition ဆုရရှိသော Project များစာရင်း

ရက်စွဲ။ ၊ ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလ (၃) ရက်။

(က) ဆရာအဆင့်
Education Project of the Year 2012

၁။ စိုက်ပျိုးရေးလုပ်ငန်း   ဒေါ်ခိုင်ကေသွယ်၊ အထက(၆)၊ မြောင်းမြ

 

(ခ) အထက်တန်းအဆင့်
Education Project of the Year 2012

၁။ Electrical Energy and Power   မောင်မင်းပြည့်ဖြိုးဉာဏ် အဖွဲ့၊ အထက(၁)၊ ဒဂုံ

 

(ဂ) အလယ်တန်းအဆင့်
Education Project of the Year 2012

၁။ ငလျင်လှုပ်ခြင်း   မောင်ဥက္ကာကျော်၊ အထက(၆) ၊ မော်လမြိုင်

 

(ဃ) မူလတန်းအဆင့်
Education Project of the Year 2012

၁။ ရှုတိုင်းယဉ်    မောင်ဝေယံမြင့်မိုရ်၊ အထက(၁) ဒဂုံ

မေးစရာများ ရှိရင် မေးပါ။ ထင်မြင်ချက်လည်း ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

chinese japan korea englishmyanmar